Esport Online Betting

Esport Online Betting လောကကြီးက ကျယ်ပြန့်လာတာနဲ့အမျှ Professional ကျတဲ့အားကစားတိုင်းနီးပါးကို ရောက်ရှိလာနေပါပြီ။ Esports အပိုင်းကိုလဲ Bookmaker တွေကိုစိတ်ဝင်စားလာဖို့ဆိုတာ အနှေးနဲ့အမြန်ပဲလေ။

Esports ပိုင်းကို ပုံမှန်မှန် အားကစားပွဲတွေလိုမျိုးလက်မခံနိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ အဖွဲ့၂ဖွဲ့က Arena ပုံစံမျိုး ပြိုင်ပွဲဝင်နေကြတယ်ဆိုတာကိုတော့ လက်ခံနိုင်တယ်မဟုတ်လား? ပုံမှန် Sports ပွဲစဉ်တွေနဲ့ ဘာမှလဲသိပ်ကွာခြားတာတော့မရှိပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုံးကတော့ Internet လိုင်းတွေမကောင်းခဲ့လို့ Esports ဆိုတာဘာမှမဟုတ်ခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ သန်းချီပြီးလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေက Esports Industry မှာပါဝင်နေကြပြီဖြစ်ပါတယ်။

လူတွေအများကြီးကိုဆွဲဆောင်နိုင်ခဲ့တဲ့ ပထမဆုံး Multiplayer video game ကတော့ Valve ကထုတ်ထားတဲ့ “Counter Strike” ပါ။ ဒါကတော့ လူငယ်တွေကြားမှာအဓိက စပြီးခေတ်စားခဲ့တာပေါ့နော်။

တခြား လူဆော့များတဲ့ Starcraft တို့ Warcraft 3 တို့လို့ Video Game တွေမှာလဲ ပြိုင်ပွဲပွဲစဉ်တွေအမျိုးမျိုးလုပ်ခဲ့ကြပေမယ့် Counter Strike ကတော့ Professional Player တွေကို Sponsor တွေကြောင့် အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ ရပ်တည်ပေးစေနိုင်ခဲ့တဲ့ ပထမဆုံး ဂိမ်းတစ်ခုပါ။

အဲ့အချိန်တုံးက Cable TV Channel တွေကလဲ ကမ္ဘာအနှံ့ကို Major/ Minor ပြိုင်ပွဲတွေ ထုတ်လွှင့်ပေးနေတာလဲပါတာပေါ့။ ဒါပေမယ့်ကြာလာတော့ ဒီလိုအခကြေးငွေပေးပြီးကြည့်ရတဲ့ Channel တွေအစား Twitch လိုမျိုးအခမဲ့ Streaming Service တွေကအစားထိုးသွားခဲ့ပါတယ်။

Bookmaker တွေကဒီအပိုင်းမှာ Betting ကိုသေသေချာချာစလုပ်ဖြစ်ခဲ့တာကတော့ 2006 ခုနှစ်လောက်မှာပါ။ လုံးဝမထိရသေးတဲ့ Market အသစ်ကြီးတစ်ခုကိုရှာတွေ့သွားခဲ့တာပေါ့။

ဒီနေ့ခေတ်မှာတော့ Online Casino တွေ၊ Betting Firm တိုင်းအလိုလိုမှာ Esports ပြိုင်ပွဲတွေကို သူတို့ရဲ့ Sport စာရင်းထဲမှာထည့်သွင်းလာခဲ့ပါပြီ။

Counter Strike အပြင်ကို DOTA (Defense of the Ancient), LOL ( League of Legends ) တို့ကတစ်ဖြေးဖြေးနာမည်ရခဲ့ပြီးတော့ ဒီနေ့ထိတိုင် Esports လောမှာ ထိပ်တန်းဝင်နေစဲဖြစ်လာပါတယ်။

1. Betting တင်ဖို့အတွက်အကောင်းဆုံး Esports
Esports Betting Platform အတွက်ကို Multiplayer game တွေအများကြီးရှိနေပြီဖြစ်ပေမယ့်လဲ အခုပြောသွားမှာတွေကတော့ Esports Betting လက်ခံတဲ့ Online Casino တွေမှာတွေ့ကိုတွေ့ရမယ့် ထိပ်တန်း Game တွေပါ။
eague of Legends (LOL) : တစ်ဖက်မှာ Player 5 ယောက်စီပါတဲ့ အဖွဲ့၂ဖွဲ့၊ လမ်း ၃ လမ်းခွဲထားတဲ့ Arena ထဲမှာ တိုက်ပွဲဝင်ရတဲ့ Game တစ်ခုပါ။ တစ်ဖက် Team ရဲ့ စခန်း (base) ကိုအရင်ဖြိုခွဲနိုင်တဲ့ အဖွဲ့ကအနိုင်ရရှိမှာဖြစ်ပါတယ်။

Defense of the Ancients 2 (DOTA 2) : သူကလဲ LOL နဲ့ခပ်ဆင်ဆင်ပဲ Player 5 ယောက်စီပါတဲ့ အဖွဲ့၂ဖွဲ့ ၊ တစ်ဖက်အသင်းရဲ့ Base(စခန်း) ကိုအရင်ဖျက်နိုင်တဲ့အဖွဲ့အနိုင်ရပါတယ်။

သူ့ရဲ့ရေပန်းစားမှုနဲ့ ပိုများတဲ့ Prizepool တွေကြောင့် Bettors တွေက LOL ထက်စာရင် DOTA2 ကိုစိတ်ဝင်တစားနဲ့ပိုကြည့်ပြီး အားပေးကြပါတယ်။
Counter Strike : Global Offensive (CS:GO) : ဒါကတော့ Esports mainstream ကိုစပြီးဖန်တီးခဲ့တဲ့ Title ပဲဖြစ်ပါတယ်။ Terrorists နဲ့ Counter Terrorists အဖွဲ့ ၂ဖွဲ့က တိုက်ပွဲဖြစ်နေတဲ့ Setting ယူထားပါတယ်။ တစ်ဖက်မှာ Player 5 ယောက် ဆိုပေမယ့် Game mode အပေါ်မှုတည်ပြီးဒါကတော့ ကွာခြားနိုင်ပါတယ်။

Terroist အဖွဲ့ရဲ့ Target က သတ်မှတ်ထားတဲ့ နေရာ၂ခုထဲက ၁ခုမှာ ဗုံးထောင်ပြီးတော့ ဖောက်ခွဲဖို့အတွက်ပါ။ Counter-Terroist ရဲ့ Target ကကြတော့ ဗုံးကိုအချိန်မှီသွားဖြုတ်ပြီး မပေါက်အောင်ကြိုးစားရတာပါ။

ဒီလိုမှမဟုတ်ပဲ Team တစ်ခုက နောက် Team တစ်ခုလုံးကို တစ်ယောက်မကျန် နှိမ်နင်းနိုင်ရင်လဲနိုင်ပါတယ်။

p>

2. Betting အတင်များတဲ့ Esports Markets
ပြိုင်ပွဲအနိုင်ရသူ : ဒီတစ်ခုကတော့ သိသာပါတယ်။ ပြိုင်ပွဲတစ်ခုမှာဘယ်အသင်းကအနိုင်ရမလဲဆိုတာ ခန့်မှန်းပြီး Betting တင်ရမှာပါ။ ဒီမှာမှ ဝေခွဲမရဖြစ်နေတဲ့အခါမျိုးဆိုရင် ဘယ် Team က Kill/ Death ဘယ်လောက်ရှိတယ်ဆိုတဲ့အပေါ်မှုတည်ပြီးတော့လဲ ခွဲခြားလို့ရပါသေးတယ်။
မြေပုံ Betting : ပွဲအနိုင်ရသူနဲ့ဆင်တူပဲ၊ ဘယ် Team က ဘယ်မြေပုံမှာ အနိုင်ရမလဲဆိုတာကိုရွေးရတာပါ။ Over/Under market မှာလဲ ဘယ် Team က Kill ဘယ်လောက်ထက်ပိုမယ်၊ နည်းမယ်ဆိုပြီး Betting တင်လို့ရပါသေးတယ်။
Special Bet : Special Bet ဆိုတာမျိုးကကြတော့ ဘယ် Player/ Team ကအရင်ဆုံးသတ်နိုင်လဲ (First Blood) ဒါမှမဟုတ် Special Creature (Lord, Roshan) ကိုဘယ် Team ကအရင်သတ်နိုင်လဲ စတာတွေအပေါ်မှာလောင်းကြေးတင်ရတာပါ။ နောက်ဆုံးမှာတော့ ပွဲစဉ်ရဲ့ ရလဒ်အတိအကျတွေကိုလဲ Betting တင်နိုင်ပါသေးတယ်။
ဒီလောက်ဆိုရင် Esports လောကနဲ့မရင်းနှီးသူ၊ Gaming Industry နဲ့သိပ်မရင်းနှီးသူတွေတောင်မှ ဒီ Game တွေရဲ့သဘောတရား၊ Esports အတွက်ကိုဘယ်လို အသုံးဝင်လဲဆိုတာကို အခြေခံနားလည်သွားမယ်လို့မျှော်လင့်ပါတယ်ခင်ဗျ!