Sport Betting Odds တွေအကြောင်းသိကောင်းစရာ

Sport Betting အကြောင်း ထဲထဲဝင်ဝင်သိဖို့အတွက်ဆိုရင် Sport Betting Odds (လောင်းကြေးအဆ) တွေအကြောင်းသိဖို့လိုအပ်ပါတယ်။ Betting Odds တွေဟာ မည့်သည့်ပြိုင်ပွဲ အမျိုးအစားမှာမဆို အရေးပါတဲ့အရာတစ်ခုဖြစ်ပြီး လောင်းကြေးထည့်ဖို့တန်မတန် ဆုံးဖြတ်တဲ့နေရာမှာလည်း ထည့်သွင်း စဉ်းစားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ သင်လောင်းကြေးထည့်လိုက်တဲ့အခါမှာ ပြန်လည်ရရှိမယ့် လောင်းကြေးငွေကိုလည်း Betting Odd တွေနဲ့လောင်းကြေးငွေကို နှိုင်းယှဉ်ပြီး တွက်ချက်ပါတယ်။

ဒီဆောင်းပါးမှာတော့ Betting Odd တွေအကြောင်း အသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်။ Betting Odd ဆိုတာဘာလဲ၊ ဘယ်လိုအခန်းကဏ္ဍမှာပါဝင်သလဲ၊ Betting Odd အမျိုးအစား၊ ကွဲပြားပုံ စတာတွေ ပါဝင်ပါတယ်။

Betting Odd ဆိုတာဘာလဲ?
Sport Betting မှာ Odd တွေဟာ အခြေခံအားဖြင့် ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ ပထမအချက်က အနိုင်ရရှိတဲ့လောင်းကစားသမားရဲ့လောင်းကြေးအနိုင်ကို တွက်ချက်ခြင်းပါ။ သင်လောင်းကြေးထည့်လိုက်တဲ့ အချိန်တိုင်းမှာ သင်ဘယ်လောက်အနိုင်ရရှိနိုင်တယ်ဆိုတာကို တွက်ချက်နိုင်ပါတယ်။ Odds တန်ဖိုးများလေ အနိုင်ရရှိနိုင်တဲ့ငွေများလေဖြစ်ပါတယ်။ ဒုတိယအနေနဲ့ oddတွေဟာ ဖြစ်လာနိုင်ချေရှိတဲ့ပွဲရလာဒ်ကို ပြသပေးပါတယ်။ အနိုင်ရရှိဖို့များလေ Odds တန်ဖိုးနည်းလေဖြစ်ပါတယ်။ ဥပမာ- ကမ္ဘာ့အဆင့်၁တင်းနစ်ကစားသမား တစ်ဦးနဲ့ ကမ္ဘာ့အဆင့်၁၂၀တင်းနစ်ကစားသမားတစ်ဦးတို့ပြိုင်ပွဲမှာ အဆင့်၁ကစားသမားကအနိုင်ရရှိဖို့ များပါတယ်။ ဒါကြောင့်သူ့ရဲ့ oddတန်ဖိုးဟာ အဆင့်၁၂၀ကစားသမားထက်နည်းမှာပါ။
Oddပုံစံအမျိုးအစားများ
Betting Oddတွေရဲ့အခြေခံနိယာမဟာ တော်တော်လေးရိုးရှင်းကြောင်း သိရှိပြီလို့ထင်ပါတယ်။ ဒါကြောင့် Oddအမျိုးအစားတွေကို ဆက်ပြောပြချင်ပါတယ်။ အခြေခံအားဖြင့် ၃မျိုးခွဲခြားနိုင်ပါတယ်။
Moneyline Odds
Decimal Odds
Fractional Odds
ဒီအမျိုးအစားတစ်ခုချင်းစီဟာ အားသာချက်ကိုယ်စီရှိတဲ့အတွက် သင်ဟာ အကျွမ်းတဝင်နားလည်ထားဖို့ လိုအပ်ပါတယ်။ အခြေခံအားဖြင့်တူညီသောနည်းလမ်းနဲ့အလုပ်လုပ်ကြပြီး လောင်းကြေးဖွင့်တဲ့အပေါ် မူတည်ကာ ပုံစံကွဲပြားသွားပါတယ်။

Moneyline Odd
Moneyline Odd ကို American Odd လို့လည်း ခေါ်ကြပြီး အမေရိကန်နိုင်ငံမှာ အများဆုံး အသုံးပြုကြပါတယ်။ သူ့ကို အပေါင်းလက္ခဏာ(+) သို့မဟုတ် အနှုတ်လက္ခဏာ(-)နဲ့ ဖော်ပြကြပါတယ်။ အပေါင်းလက္ခဏာဟာ ဒေါ်လာ၁၀၀ရင်းရင် ဘယ်လောက်မြတ်နိုင်မလဲဆိုတာကို ဖော်ပြပြီး အနှုတ်လက္ခဏာဟာ ဒေါ်လာ၁၀၀အနိုင်ရရှိဖို့ ဘယ်လောက်လောင်းကြေးထည့်ရမလဲဆိုတာကို ဖော်ပြပါတယ်။ (+၁၅၀)ဆိုတာ ဒေါလာ၁၀၀လောင်းကြေးထည့်ရင် နိုင်တဲ့အခါအနိုင်၁၅၀နဲ့အရင်း၁၀၀ ပြန်လည်ရရှိမှာဖြစ်ပြီး (-၁၅၀)ဆိုတာ ဒေါလာ၁၅၀လောင်းကြေးထည့်ရင် နိုင်တဲ့အခါအနိုင်၁၀၀နဲ့အရင်း၁၅၀ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

Decimal Odd
Decimal Odd ကို ဥရောပနိုင်ငံတွေနဲ့ ကနေဒါ၊ သြစတေးရီးယားနိုင်ငံတို့မှာ အများဆုံးအသုံးပြုပြီး အခြားသောနိုင်ငံတွေမှာလည်း ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။ ရိုးရိုးရှင်းရှင်း ဒဿမနှစ်နေရာအထိ ပြထားတဲ့ လောင်းကြေးပုံစံကြောင့် လူကြိုက်များပါတယ်။ ပြသထားတဲ့နံပါတ်တွေဟာ ၁ဒေါ်လာအပေါ် အခြေခံပြီး အရင်းကောအမြတ်ပါ ပါဝင်ပါတယ်။ (၁.၅)ဆိုတာ တစ်ဒေါ်လာလောင်းကြေးထည့်ရင် နိုင်တဲ့အခါ အရင်းအမြတ်ပေါင်း ၁.၅ဒေါ်လာပြန်လည်ရရှိမှာဖြစ်ပြီး (၂.၂၅)ဆိုတာ တစ်ဒေါ်လာလောင်းကြေးထည့်ရင် နိုင်တဲ့အခါ အရင်းအမြတ်ပေါင်း ၂.၂၅ဒေါ်လာပြန်လည်ရရှိမှာဖြစ်ပါတယ်။

Fractional Odd
Fractional Odd ဟာ ဗြိတိန်နိုင်ငံသုံးစံနှုန်းဖြစ်ပြီး Decimal Odd နဲ့ဆင်တူပါတယ်။ သင့်လောင်းကြေးကို ဖော်ပြထားတဲ့ odds နဲ့မြှောက်လို့ရတဲ့ရလာဒ်ဟာ သင်ရရှိနိုင်တဲ့လောင်းကြေးငွေ ဖြစ်ပါတယ်။ (2/1)ဆိုတာ သင်၁ဒေါ်လာလောင်းကြေးထည့်ရင် ၂ဒေါ်လာအနိုင်ရရှိမှာဖြစ်ပြီး (1/2)ဆိုတာ သင်၁ဒေါ်လာလောင်းကြေးထည့်ရင် ဝ.၅ဒေါ်လာအနိုင်ရရှိမှာဖြစ်ပါတယ်။